ညောင်တုန်း ဇန်နဝါရီ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များက ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ စိုက်ပျိုးမွေးမြူရေးကိစ္စရပ်များ၊ ပညာရေးကိစ္စရပ်များ၊ လုံခြုံရေးကိစ္စရပ်များ၊ မြို့နယ်အတွင်းသန့်ရှင်းသာယာလှပရေးကိစ္စရပ်များကို ဆွေးနွေးမှာကြား၍ တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များက ဌာနနှင့်ရပ်ကွက်၊ ကျေးရွာများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)