ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောက်ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အလှူရှင်များမှ ဂုဏ်ပြုချီးမြှင့်

ကျောက်ပန်းတောင်း ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက် ရှိကြသော  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အလှူရှင်များက ချီးမြှင့်သည့် ဂုဏ်ပြုငွေ များကို ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင် က တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များစုပေါင်း ချီးမြှင့်ငွေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လုပ်ငန်းဆိုင်ရာ များကို မှာကြားသည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်မြတ်တို့က ဝန်ထမ်းများ အား တစ်ဦးချင်းပေးအပ်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အဆိုပါ ထောက်ပံ့ငွေများကို ကျောက်ပန်းတောင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အရာထမ်း/အမှုထမ်း (၃၂) ဦးနှင့် ရပ်ကွက် / ကျေးရွာ အုပ်စုစာရေးဝန်ထမ်း (၁၂၁) ဦး စုစုပေါင်း (၁၅၃) ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၁၅၀၀၀) ဖြင့် စုစုပေါင်းငွေကျပ် (၂၂၉၅၀၀၀) ကျပ်ဖြစ်ကြောင်းသိရပြီး၊ အခမ်းအနားသို့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယဦးစီးမှူးများ၊ ရပ်/ ကျေးစာရေး ဝန်ထမ်းများ (၃၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)