မအူပင်တက္ကသိုလ်၌ (အဝေးသင် သင်တန်း) စတုတ္ထအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

မအူပင် ဇန်နဝါရီလ ၃၁

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မအူပင်တက္ကသိုလ်၌ (အဝေးသင် သင်တန်း) စတုတ္ထအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားအား ဇန်နဝါရီ ၂၉ ရက်နေ့နံနက် (၉)နာရီက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ မအူပင်တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးမှ ဘွဲ့ရမောင်မယ် (၃၀၀)ဦးအားလည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဘွဲ့ရမောင်မယ် (၃၀၁)ဦးအားလည်းကောင်း သက်ဆိုင်ရာဘွဲ့များ အပ်နှင်းချီးမြှင့်ပြီး ပါမောက္ခချုပ် ဆရာမကြီးမှ ဘွဲ့ရမောင်မယ်များအား ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားသည်။

အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ မအူပင်တက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနီနီဦးနှင့် ဒုတိယပါမောက္ခချုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဌာနအသီးသီးမှ ပါမောက္ခ(ဌာနမှူး)နှင့် ပါမောက္ခများ ဆရာ၊ ဆရာမများ၊ ဘွဲ့ရမောင်မယ်များ၊ ဘွဲ့ရ‌မောင်မယ်များ၏မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)