မြောင်းမြမြို့တွင် မျိုးစေ့ထုတ်နှင့် Rice Export Zone အကောင်အထည်ဖော်ဆောင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

မြောင်းမြ ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မျိုးစေ့ထုတ်နှင့် Rice Export Zone အကောင်အထည်ဖော်ဆောင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ခင်ဌေးမြင့်က Rice Export Zone အကြောင်းအားလည်းကောင်း၊ မြန်မာနိုင်ငံမျိုးစေ့အသင်းအမှုဆောင် ဒေါ်အတာမေက မျိုးစေ့ထုတ်အကြောင်းအားလည်းကောင်း ရှင်လင်းပြောကြားခဲ့ပြီး Si Pwar Trading Co.,Ltd မှ Managing Director နော်ခင်ခင်က Rice Export Zone ဖော်ဆောင်မည့်အခြေအနေများအား ဆက်လက်ဆွေးနွေးခဲ့သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသည့် တောင်သူများ၏ မေးမြန်းချက်များအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မြောင်းမြခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်တီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြောင်းမြမြို့နယ်အတွင်းမှ တောင်သူ (၈၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)