မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းထမနဲထိုးပြိုင်ပွဲ ကျင်းပ

မော်လမြိုင်ကျွန်း ဖေဖော်ဝါရီ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီက မော်လမြိုင်ကျွန်းမြို့ အမှတ် (၆) ရပ်ကွက်၊ စိန်ပန်းပတ်လမ်းရှိ သမ္မာသမ္ဗုဒ္ဓ မြို့ဦးစေတီတော်ဝန်းအတွင်း၌ ဖျော်ဖြေရေး အဖွဲ့များဖြင့် ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြန်မာ့ရိုးရာစုပေါင်းထနဲမထိုးပြိုင်ပွဲ အခမ်းအနားအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အဖွဲ့များဖြစ်ကြသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပညာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနစသည့် ဌာနဆိုင်ရာများ စုပေါင်း၍လည်းကောင်း၊ ရ.စ.ကနှင့် မြို့ပေါ်ရှိ ရပ်ကွက် (၁၃) ရပ်ကွက်၊ ဆန်လုပ်ငန်းအသင်းများ၊ စက်သုံးဆီလုပ်ငန်းရှင်များ၊ စားသုံးဆီလုပ်ငန်းများ စုစုပေါင်းထမနဲထိုးအဖွဲ့ (၂၆) ဖွဲ့တို့ယှဉ်ပြိုင်ခဲ့ကြရာ အမှတ်ပေးဒိုင်အဖွဲ့က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများဖြစ်သည့် ကြိုတင်ပြင်ဆင်မှု၊ စည်းကမ်းလိုက်နာမှု၊ စည်းလုံးညီညွတ်မှု၊ နည်းစနစ်မှန်ကန်မှုနှင့် သန့်ရှင်းသပ်ရပ်မှုတို့ကို စီစစ်အမှတ်ပေးခဲ့ကြပြီး ထမနဲထိုးပြိုင်ပွဲ စတင်ကျင်းပဆောင်ရွက်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဧည့်ပရိတ်သတ်များက အိုးစည်ဒိုးပတ်များ တီး၍ ကခုန်အားပေးကြည့်ရှုခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အဆိုပါအဖွဲ့ (၂၆) ဖွဲ့ရှိ ဝန်ထမ်းများမှ ပျော်ရွှင်စွာစုပေါင်းထမနဲထိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့်နှစ်သိမ့်ဆု ၂ ဆုတို့ကို ရရှိသည့် အဖွဲ့များအား ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများမှ ထမနဲများအား ဘုရားအမှူးရှိသော မြို့ပေါ်ရှိကျောင်းပေါင်း (၄၇) ကျောင်းမှ ဆရာတော်၊ သံဃာတော်များအား ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်