လပွတ္တာမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု စုပေါင်းထမနဲထိုးပြိုင်ပွဲကျင်းပ

လပွတ္တာ ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့‌ အောင်တော်မူဘုရားဝန်းအတွင်း၌ လပွတ္တာခရိုင်/ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီအဖွဲ့မှ ကြီးမှူးကျင်းပသည့် ထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက လပွတ္တာခရိုင်/ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီအဖွဲ့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လပွတ္တာခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခြင်း၊ ထမနဲအဖွဲ့ (ဒိုင်ချုပ်) အဘဦးဝင်းမောင်က ထမနဲထိုးပြိုင်ပွဲကျင်းပရခြင်းနှင့် စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခြင်း၊ လပွတ္တာခရိုင်/မြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်‌ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒိုင်ချုပ်နှင့် ဒိုင်အဖွဲ့ဝင်များက ပြိုင်ပွဲဝင် အသင်းတစ်ဖွဲ့ချင်းစီအလိုက် ရှင်းလင်းပြောကြားမှုနှင့် ခင်းကျင်းထားမှုများအား ကြည့်ရှုစစ်ဆေးခြင်း၊ ထမနဲစတင်ထိုးနှံရန်အတွက် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌက မင်္ဂလာမောင်းအားထု၍ အချက်ပေးရန်နှင့် ဒိုင်အဖွဲ့များက အချိန်နာရီကို စတင် မှတ်သားကာ ပြိုင်ပွဲဝင်အဖွဲ့များက အားကြိုးမာန်တက် ထမနဲစတင်ထိုးနှံပြီး ဒိုင်အဖွဲ့များက အသင်းတစ်ဖွဲ့ချင်းစီအလိုက် ရရှိလာသော ထမနဲများကို အကဲဖြတ်အမှတ်ပေး၍ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အိုးသူကြီးဆုနှင့် အထူးဆုရရှိသော အသင်းများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)