အင်္ဂပူမြို့တွင် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်

အင်္ဂပူ ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ စံကျောင်း ကျောင်းတိုက်တွင် ဇန်နဝါရီ (၃၁) ရက်နေ့ ညနေပိုင်းက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တစက္ကိန္ဒ (အဂ္ဂမဟာအကျော်) ၊မဟာဂန္တဝါစကပဏ္ဍိတဆရာတော်အား အမှူးထား၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်းပြီး (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး အင်္ဂပူမြို့နယ်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တစက္ကိန္ဒ ( အဂ္ဂမဟာအကျော်) မဟာဂန္တဝါစကပဏ္ဍိတ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့သည်။ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တစက္ကိန္ဒ (အဂ္ဂမဟာအကျော်) မဟာဂန္တဝါစကပဏ္ဍိတဆရာတော်မှ ဩဝါဒစကားမိန့်ကြားပေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ကပ်လှူခဲ့ပြီး အခမ်းအနားကို“ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခြင်းခဲ့သည်။ ထို့နောက်ထမနဲထိုးပြိုင်ပွဲအခမ်းအနား စတင်ကြောင်းကြေညာပြီး ပြိုင်ပွဲဝင်အသင်းများမှ တပျော်တပါး ပါဝင်ဆင်နွဲခဲ့ပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ပြိုင်ပွဲဝင်များ ထမနဲထိုးယှဥ်ပြိုင်နေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဆုရရှိကြသည့် အသင်းများအား မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါထမင်းထိုးပြိုင်ပွဲသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာပြိုင်ပွဲဝင် အသင်း (၂၄) သင်းမှ အသင်းသားများ၊ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)