ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်လူနာ(၃၈)ဦး ကုသပေးထား

​ကျောက်ဆည် ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် ကိုဗစ်လူနာသစ် စတင်တွေ့ရှိသည့် ၂၀၂၀-ခုနှစ် အောက်တိုဘာ (၂)ရက်နေ့မှစတင်ကာ ပြည်သူ့ဆေးရုံကြီးမှကုသပေးလျက်ရှိရာ ယနေ့အချိန်တွင် လူနာ(၃၉)ဦး ကုသ ပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ကုသပေးရာတွင် အောက်တိုဘာလတွင် ကိုဗစ်ပိုးတွေ့ရှိသည့် လူနာ(၁၁)ဦး၊ နိုဝင်ဘာလ တွင်(၃၉)ဦး၊ ဒီဇင်ဘာလ တွင်(၁၂၆)ဦး၊၂၀၂၁-ခုနှစ်ဇန်နဝါရီလ (၁)ရက်နေ့မှ (၇)အထိ(၂၂)ဦး ရှိခဲ့ပြီး ယနေ့အချိန်အထိ ဆေးရုံ တက် ကိုဗစ်လူနာ စုစုပေါင်း(၁၉၈)ဦးရှိပြီး ဆေးရုံဆင်းလူနာ(၁၅၉)ဦး နှင့် သေဆုံးသူ(၁)ဦးရှိကာ လက်ရှိဆေးကုသ လျက်ရှိသူ(၃၈)ဦးရှိကြောင်း သိရှိရသည်။

ထို့ကြောင့် ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်‌ရေး သက်ဆိုင်ရာဌာန ဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များက နိုးဆော်မှုများ အစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရသည်။

သက်မောင်