မြန်အောင်၌ တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပ 

မြန်အောင် ဖေဖော်ဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဦးဆောင်မှုဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့်ဘုရားစေတီပုထိုးများသို့ ကပ်လှူပူဇော်ရန်အတွက် တပို့တွဲလ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီးရှေ့ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ပြိုင်ပွဲဝင် ရပ်ကွက်/ကျေးရွာအုပ်စုများနှင့်ဌာနဆိုင်ရာအသင်း (၁၀) သင်းတို့က စုပေါင်းပျော်ရွှင်စွာ ထမနဲထိုးပြိုင်ကြရာ မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြန်အောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့မိမြို့ဖတို့က ကြည့်ရှုအားပေးခဲ့ကြပြီးအကဲ ဖြတ်ဒိုင်အဖွဲ့မှ ဆုများအသီးသီး ရွေးချယ်ပေး ခဲ့ကြသည်။

ဆက်လက်၍ မြန်အောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးဝေလင်း၊ မြန်အောင်မြို့ နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်း၊ မြန်အောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်း၊ မြန်အောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးတို့က ပထမ၊ ဒုတိယ၊ တတိယနှင့်နှစ်သိမ့်ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။ ။ 

ဝင်းဗိုလ်

မြန်အောင် (ပြန်/ဆက်)