ဥတ္တရသီရိ ဇန်နဝါရီ ၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်ရုံးမှ ဥတ္တရသီရိမြို့နယ် အတွင်းရှိ ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ(၇)ရက် မွန်းလွဲပိုင်းက မိုးစွေ ကျေးရွာ အုပ်စု၊ လဲဝန်းကျေးရွာ “ပညာဘဏ်တိုက်” စာကြည့်တိုက်အတွင်း၌ စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံ၍ ကျေးရွာ စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ဆွေးနွေးပွဲကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းနွယ်က ကျေးရွာ စာကြည့်တိုက်များ ရေရှည်တည်တံ့စွာ လည်ပတ်နိုင်ရေးအတွက် တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်နိုင်မှသာ အောင်မြင်နိုင်မည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့ရာ လဲဝန်းကျေးရွာ “ပညာဘဏ်တိုက်” စာကြည့်တိုက် ကော်မတီဝင် ဦးသန်းထွန်းဝင်း၊ ဦးကျော်မျိုးထက်၊ ဦးထွန်းဇော်နှင့် စာကြည့်တိုက် ကော်မတီဝင်များက မိမိတို့ရပ်ရွာအတွင်းရှိ အများပြည်သူများအား စာပေလေ့လာနိုင်စေရေး လှုံ့ဆော်ပေးခြင်းနှင့် စာပေဝါသနာရှင်များအား ပူးပေါင်းပါဝင်လာစေရေး စည်းရုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာကြည့်တိုက်သည် အလျား၂၄ပေ၊ အနံ၁၄ပေ တည်ရှိပြီး သွပ်မိုး၊ အုတ်ကာ၊ တမံတလင်းခင်း တစ်ထပ် အဆောက်အဦးဖြစ်ကာ ၂၀၁၄-၂၀၁၅ဘဏ္ဍာနှစ်တွင် နိုင်ငံတော် မတည်ငွေဖြင့် ဆောက်လုပ်သည့် စာကြည့်တိုက်ဖြစ်ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)