မြောင်းမြ ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ကျင်းပပြုလုပ်သည့် (၇၉) နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ပင်လေး ဈေးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၃၀) နာရီအချိန်က တက်ရောက်အားပေးခဲ့သည်။
အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ကြီးက ညောင်ပင်လေးဈေးသစ်ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ျ ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါညောင်ပင်လေးဈေးသစ်သည် ၁၉၇၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး (၁၉-၁-၂၀၂၅) ရက်နေ့တွင် မီးလောင်းဆုံးရှုံးခဲ့ရာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးတက်စေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးစေရေး၊ မြို့သူ၊ မြို့သားများနှင့် ဈေးသူဈေးသားများ စနစ်တကျ ရောင်းဝယ်ဖောက်ကားမှုရရှိစေရေးတို့ကို ရည်ရွယ်၍ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးတို့မှ ကြီးကြပ်မှုဖြင့် ဈေးသူဈေးသားများမှ အတိုင်းအတာ (၉၂’ × ၈၄’) Steel Structure (၁) ထပ်၊ (၆’ × ၆’) ဆိုင်းခန်းပေါင်း (၁၁၀) ခန်းအား ကုန်ကျငွေကျပ် ၆၁၅.၃၀ သန်းဖြင့် သော်ဇင်သန့်ကုမ္ပဏီမှ တာဝန်ယူ၍ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် လုပ်ငန်း စတင်ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အပ်နှံပြီးစီးခဲ့သော ဈေးသစ်ကြီးတစ်ခု ဖြစ်ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)