မိုးနဲမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ာအကြို ပန်းချီပြိုင်ပွဲ ကျင်းပ

မိုးနဲ ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များကို အစဉ်သတိရနေစေ‌ရေး၊ စိတ်ကူးဉာဏ်နှင့်‌အတွေးအခေါ်များရင့်သန်လာစေရေး၊ စာပေကို ချစ်မြတ်နိုးစိတ်တိုးပွားလာစေရေးတို့အတွက် ပန်းချီပြိုင်ပွဲကို ကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်း ကျောင်းသား/သူ စုစုပေါင်း (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြမည့် ကျောင်းသား၊ ကျောင်းသူလေးများအား (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးည့န့်ရွှေ(မိုးနဲ)