မိုးညှင်း ဇန်နဝါရီ ၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် သမဝါယမဦးစီးဌာနမှ ပြည်သူများ ဈေးနှုန်းသက်သက်သာသာဖြင့် ငါးဝယ်ယူစားသုံး နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် အိမ်တိုင်ယာရောက် ၁ ပိဿာ (၈၀၀၀) ကျပ်ဈေးဖြင့် လိုက်လံရောင်းချပေးခဲ့ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် ဒေသခံပြည်သူများ လွယ်လင့်တကူနှင့် ဈေးနှုန်းသက်သက်သာဖြင့် ငါးဝယ်ယူစားသုံးနိုင်ရေးအတွက် ယခုအစီအစဉ်အား မြို့နယ်သမဝါယမဦးစီးဌာနနှင့် ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကာ လက်ရှိမိုးညှင်း မြို့နယ် အတွင်း ငါး(ငါးကြင်းဖြူ) ၁ ပိဿာ ကျပ် ၁၂၀၀၀ ခန့်အထိ ရောင်းချလျက်ရှိကြောင်း သိရှိရပြီး အဆိုပါလုပ်ငန်းများကို သမဝါယမ ဦးစီးဌာန များနှင့် အသင်းစုချုပ်များအနေဖြင့် No Profit , No Loss ကျင့်စဉ်နှင့်အညီ ဝယ်ယူရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)