လပွတ္တာ ဇန်နဝါရီ ၈
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့်အညီ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ကျေးရွာတာ၀န်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်းကို လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ် ရေးမှူးများ ရွေးချယ်ခန့်ထားခြင်းနှင့် စပ်လျဉ်း၍ ရွေးချယ်ခြင်း လုပ်ငန်းစဉ်မှ ရပ်ကျေးဥပဒေနည်းဥပဒေများအား အသိပေးခြင်း၊ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ ဆယ်အိမ်စုအဖွဲ့နှင့် ရာအိမ်စု အစုအဖွဲ့ဖွဲ့စည်းခြင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း အထက် အဆင့်ဆင့်သို့တင်ပြခြင်း စသည့် အချက် (၈) ချက်ပါ အကြောင်းအရာများကို လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဇော်က Power Point ဖြင့် ရှင်းလင်းပြော ကြားခဲ့ကြောင်း သိရသည်။
၀င်းကျော်မြင့်(လပွတ္တာ ခရိုင်ပြန်/ဆက်)