တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို   လူငယ်ကိုယ်စားလှယ်အဖွဲ့က အတွေ့အကြုံရှင်းလင်း ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ်   ဖေဖော်ဝါရီ  ၄

လူငယ်ငြိမ်းချမ်းရေးဖိုရမ်(၂၀၂၆)အခမ်းအနားသို့တက်ရောက်ခဲ့သော တနင်္သာရီတိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို  ဖေဖော်ဝါရီ ၃ ရက် နံနက်  ၉ နာရီက ထားဝယ်တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့အခမ်းအနားသည် နေပြည်တော်တွင် ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၁၃)ရက်မှ (၁၅)ရက်အထိ ကျင်းပခဲ့ သည့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်(၂၀၂၆)ကိုတက်ရောက် ဆွေးနွေးခဲ့ကြသည့် တနင်္သာရီတိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့အနေဖြင့်ဖိုရမ်ကနေရရှိခဲ့သော အတွေ့အကြုံနှင့်ဗဟုသုတကောင်းများကို တိုင်းဒေသကြီးအတွင်းရှိ‌သော လူငယ်များသိရှိအောင်ပြန်လည်မျှဝေပေးသည့် အခမ်းအနားဖြစ်ကြောင်း၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ်(၂၀၂၆)ကျင်းပရခြင်း၏ ရည်ရွယ်ချက်အနေဖြင့် ငြိမ်းချမ်းရေးနှင့်လူမှုအသိုက်အဝန်းတည်ငြိမ်ရေးတွင် အားလုံးပါဝင်သောလူငယ်များ၏ဆောင်ရွက်ချက် များအရေးကြီးမှုကိုပေါ်လွင်စေရန် အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ရပ်တွင် နိုင်ငံသားအားလုံး ဆွေးနွေးအဖြေရှာရန်နှင့် လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးရန် ငြိမ်းချမ်းသော အသိုက်အဝန်းများအပြန်အလှန်ဆက်သွယ် ဆောင်ရွက်မှုကိုအထောက်အပံ့ဖြစ်စေရန်နှင့် ရွေးကောက်ပွဲလွန်ကာလ၌ လူငယ်များ၏လက်တွေ့ကျသောအခန်းကဏ္ဍကို ဖော်ထုတ်ရန်တွေ့ဆုံဆွေးနွေးခြင်း၊ ကြားဝင်ဖျန်ဖြေခြင်းနှင့်တာဝန်ယူမှုရှိသော ဆက်သွယ်ဆောင်ရွက်ခြင်းတို့တွင် လူငယ်များ၏စွမ်းရည်များ ပိုမိုခိုင်မာလာစေရန် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ လူမှုရေးလုပ်ငန်းဆိုင်ရာ အနာဂါတ်စီမံချက်တစ်ရပ်ရေးဆွဲနိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေရန်၊ လူငယ်များ၏အကြံပြုချက်များပေါ်ထွက်လာစေရန် လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှ ပေါ်ထွက်လာသည့် အကြံပြုချက်များကို စုစည်း၍ အနာဂတ်နိုင်ငံတော်အစိုးရတည်ဆောက်ရေးအတွက် လူငယ်ငြိမ်း ချမ်းရေးဆိုင်ရာကြေညာစာတမ်း(Youth Peace Declaration)အား ရေးဆွဲတင်ပြရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့်ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လူငယ်ငြိမ်းချမ်းရေး ဖိုရမ်၏ ဆောင်ပုဒ်အနေဖြင့် "ငြိမ်းချမ်းရေးနှင့်နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင့်တင်ပေး(Promoting youth participation in peace and nation Building)ဟု သတ်မှတ်ထားရှိကြောင်း၊ ဖိုရမ်၏ Theme အနေဖြင့်" ငြိမ်းချမ်းရေးတည်ဆောက်ရေး နိုင်ငံတည် ဆောက်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် နိုင်ငံတစ်ဝန်းရှိလူငယ်များ စုပေါင်းပါဝင်လာစေရန်နှင့် စွမ်းရည်ပြည့်ဝသောခေါင်းဆောင်များ ဖြစ်ပေါ်လာစေရန်အတွက် ငြိမ်းချမ်းရေးအသိ မြှင့်တင်ပေးနိုင်ရန်" (To enhance peace awareness for the collective participation of youth nationwide in peace building, nation-building and national development, and to faster highly competent leaders)ဟု သတ်မှတ်ဆောင်ရွက်ထားရှိသည်ကို တွေ့ရှိရမှာ ဖြစ် ကြောင်း၊ ဖိုရမ်တွင်မျိုး ဆက်သစ်လူငယ်များ၏ စစ်မှန်သောအသံများ၊ ခွန်အားနှင့်ပြင်းပြသောစိတ်ဆန္ဒသဘောထားများကို ပြသနိုင်ပြီးနိုင်ငံတည်ဆောက်ရေးတွင် ပြသနိုင်သည့်ပထမဆုံးသော သမိုင်းဝင်လူငယ်ငြိမ်းချမ်းရေးဖိုရမ်တစ်ခုပဲ ဖြစ်ကြောင်း၊ လူငယ်များပေါင်းစည်းညီညွတ်ကြရန်လိုအပ်ကြောင်း၊ လူငယ်များအနေဖြင့်ကွဲပြားခြားနားမှုကိုစွမ်းအားအဖြစ် ပြောင်းလဲကြရန်လိုအပ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်း ရေး နှင့်မိမိတို့ နိုင်ငံ၏ အနာဂါတ်ကို အတူတကွပုံဖော်တည် ဆောက်နိုင်မှာဖြစ်‌ ကြောင်း၊ဒါ့အပြင် ငြိမ်းချမ်းရေးနှင့်နိုင်ငံ တည်ဆောက်ရေးတွင်လူငယ်များအားလုံး ပါဝင်ကြပါရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့တိုင်းဒေသကြီး လူငယ်ကိုယ် စားလှယ်အဖွဲ့ခေါင်းဆောင် လူမှုရေးရာဝန်ကြီး ဦသက်နိုင်ကလူငယ်ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ဂုဏ်ပြုမှတ် တမ်းလွှာနှင့်အမှတ်တရဂုဏ်ပြုလက်ဆောင်အပ်နှံပြီး တိုင်းဒေသကြီးလူငယ် ကိုယ်စားလှယ်အဖွဲ့အုပ်ချုပ်သူ ဒေါက်တာဇော်မိုးဝင်းက လူငယ်ငြိမ်းချမ်းရေးဖိုရမ် - ၂ဝ၂၆ သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံအားရှင်းလင်းတင်ပြသည်။

ဆက်လက်၍လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆အခမ်းအနားသို့ တက်ရောက်ခဲ့သည့် မှတ်တမ်း Video Clip ပြသပြီး တိုင်းဒေသကြီးလူငယ်ကိုယ်စားလှယ်အဖွဲ့က"လက်နက်ကိုင်ပဋိပက္ခများရပ်တန့်ရေး၊ နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ ပါဝင်မှုနှင့်ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး” ခေါင်းစဉ်၊ လူမှုရေး၊ ပညာရေးနှင့် ယဉ်ကျေးမှုမြှင့်တင်ခြင်း၊ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် အားကစား၊ လူငယ်၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး"ခေါင်းစဉ်၊ "စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊စွန့်ဦးတီထွင်မှုနှင့် နည်းပညာအခြေပြုစီးပွားရေး”ခေါင်းစဉ်၊ သတင်းအချက်အလက် နည်းပညာသက်ရောက်မှုများ(IT)၊ ဉာဏ်ရည်တုနည်းပညာ(AI)စနစ်ထူထောင်ရေး၊ဆိုက်ဘာ(Cyber)၊ Online Security၊လူမှုကွန်ရက် (SocialMedia)နှင့် ကွန်ရက်အဖွဲ့များ၊  ထိရောက်သောသတင်းမှန်ပြန်ကြားရေး"ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေး တင်ပြပြီးအနာဂတ်နိုင်ငံတော် ငြိမ်းချမ်းရေးနှင့် အနာဂတ်လူငယ်ကြေညာစာတမ်းကို တိုင်းဒေသကြီးတည်ဆောက်ရေးအတွက်ဖတ်ကြားတင်ပြခဲ့ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)