ပုသိမ် ဖေဖော်ဝါရီ ၄
2025 - 2026 Myanmar Women League ပြိုင်ပွဲတွင် Ayeyarwady Women Football Club-Championမှ ဆုလားအပ်နှံခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေပိုင်းက ကိုးသိန်းအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောငါဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ အခမ်းအနားသို့ တက်ရောက်လာသူများက Ayeyarwady Women Football Club-Champion အသင်းအား ဂုဏ်ပြုပန်းစည်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ ဆက်လက်၍ Ayeyarwady Women Football Club-Champion အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဘောလုံးဝါသနာရှင် ပြည်သူများက ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဆုဖလားအပ်နှံ၍ Champion အသင်းနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် Ayeyarwady Women Football Club-Champion အသင်းမှ အားကစားသမားများနှင့် ပြည်သူများအား မိတ်ဆက်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဧရာဝတီ FC အမျိုးသမီးဘောလုံးအသင်းနှင့် ဧရာဝတီ Training Centreအမျိုးသမီးဘောလုံးအသင်း ချစ်ကြည်ရေးဘောလုံးပွဲကို ကြည့်ရှုအားပေးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)