တံတားဦး ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ဝန်ထမ်းသက်သာ ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၈နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ယာယီ)ရုံး ဝင်းအတွင်း၌ ကျင်းပသည်။
ဈေးပွဲတော်တွင် ဆန်၊ ဆီ၊ ကြက်ဥ၊ အမဲသား၊ ဝက်သားနှင့် ကြက်သားများကို ဝန်ထမ်းသက်သာဈေး အဖြစ် ဝန်ထမ်းများဝယ်ယူနိုင်ရေး ရောင်းချပေးကြောင်းသိရသည်။ အဆိုပါဈေးရောင်းပွဲတော်သို့ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မင်းမင်းထွန်းနှင့် ဝန်ထမ်းများ၊ တက်ရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဝန်ထမ်းသက်သာဈေးရောင်းပွဲတွင် ဆန်၊ ဆီ၊ ကြက်ဥ၊ အမဲသား၊ ဝက်သားနှင့် ကြက်သားများကို ပြင်ပပေါက်ဈေးထက် ဝန်ထမ်းသက်သာဈေးအဖြစ်ရောင်းချပေးခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ရဲတင့်(ပြန်/ဆက်)