ငပုတောမြို့နယ်၌ မီးဘေးလုံခြုံရေးလုပ်ငန်းများကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ အပါအဝင် အင်အား ၂၃၀၀ ကျော်ဖြင့် ဆောင်ရွက်နေ

ငပုတော ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်း၌ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များ ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် မီးသတဦးစီးဌာန အနေဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ အပါအဝင် အင်အား ၂၃၀၀ ကျော်ဖြင့် မီးဘေးလုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မီးသတ်ဦးစီးဌာန အနေဖြင့် ငပုတောမြို့ပေါ်၌ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၁ စီးထားရှိပြီး၊ မြို့နယ်အတွင်း၌ နယ်မြေမီးသတ်စခန်း ၆ ခု ဖွင့်လှစ်ထားရှိ၍ မီးဘေးလုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဟိုင်းကြီးကျွန်းမြို့၌ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၈ ဦး၊ မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးဖြင့် လည်းကောင်း၊ ငရုတ်ကောင်းမြို့၌ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇ ဦး၊ မီးသတ်ယာဉ် ၁ စီးဖြင့် လည်းကောင်း၊ တောင်ကလေးနယ်မြေ မီးသတ်စခန်း၌ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆ ဦး၊ ရေသယ်ယာဉ်တစ်စီးဖြင့် လည်းကောင်း၊ သင်္ကန်းကုန်းနယ်မြေ မီးသတ်စခန်း၌ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၈ ဦး၊ မီးသတ်ယာဉ် ၁ စီးဖြင့် လည်းကောင်း၊ ကျုံကူးနယ်မြေ မီးသတ်စခန်းတွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆ ဦး၊ မီးသတ်ယာဉ် ၁ စီးဖြင့် လည်းကောင်း၊ ပြင်ခရိုင်နယ်မြေ မီးသတ်စခန်း၌ ရေသယ်ယာဉ် ၁ စီးဖြင့် လည်းကောင်း၊ တစ်မြို့နယ်လုံး အနေဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၆၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၂၆၀ ဦး၊ မီးသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ် ၄ စီး၊ စုစုပေါင်း ၁၁ စီးဖြင့် မီးဘေးလုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငပုတောမြို့နယ်အတွင်း၌ အကြီးမားဆုံး မီးလောင်ဆုံးရှုံးမှုမှာ ၂၀၁၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် ထိန်တန်းကန့်ဗလာ ကျေးရွာအုပ်စု၊ ကန့်ဗလာကျေးရွာတွင် ဖြစ်ပေါ်ခဲ့ပြီးနေအိမ် ၇၂ လုံး မီးလောင်ခဲ့ကာ ဆုံးရှုံးမှု တန်ဖိုးကျပ်သိန်း ၁၁၃၀ ခန့်ရှိခဲ့သည်။

၂၀၁၈-၂၀၁၉ ခုနှစ်တွင် မီးလောင်၊ မီးလန့်မှု ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၇ သိန်းခန့်၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် မီးလောင်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၄၈ သိန်းကျော်နှင့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ငပုတောမြို့နယ်၊ ဆင်ကူးကြီးကျေးရွာအုပ်စု၊ ဆင်ကူးကြီးကျေးရွာတွင် ဆိုလာပြားဖြင့် ဘက်ထရီအားသွင်းရာမှ အပူချိန်လွန်ကဲပြီး မီးလောင်ကျွမ်းခဲ့ရာ နေအိမ် ၁၈ လုံး မီးလောင်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်း ၃၂၀ ကျော်ဆုံးရှုံးမှုများ အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း မီးသတ် ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)