ကျွန်းစု ဖေဖော်ဝါရီ ၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကဘင်ကျေးရွာအုပ်စု ကျောက်ပုံချောင်း-ကျွန်းတောင် လမ်းပေါ်ရှိ ကျေးရွာချင်းဆက် မူလပျက်စီးနေသော သစ်သားတံတားအား ပေ(၅၀) သံကူကွန်ကရစ်တံတားတစ်စင်းကို ကျပ်သန်း(၃၀၀)ဖြင့် တည်ဆောက်ခြင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ သံကူကွန်ကရစ်တံတားကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် သန်း(၃၀၀)သန်းဖြင့် ကျောက်ပုံချောင်း-ကျွန်းတောင် ကျေးရွာချင်းဆက် မူလပျက်စီးနေသော သစ်သားတံတားနေရာတွင် အရှည်ပေ(၅၀) အကျယ်ပေ(၂၀) သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်လျက်ရှိသည်။ အဆိုပါ တံတားတည်ဆောက်ပြီးစီးပါက ဒေသခံပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်သည်။
ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာတို့မှ ဖေဖော်ဝါရီ ၃ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး တာဝန်ရှိသူများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )