မြောင်းမြ၌ သိမ်းဆည်းခံ မူလတောင်သူများသို့ မြေယာပြန်လည်ပေးအပ်ခြင်းနှင့် လျော်ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မြောင်းမြ ဇန်နဝါရီ

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် သိမ်းဆည်းခံမြေများ၏ မူလတောင်သူများသို့ မြေယာပြန်လည် ပေးအပ်ခြင်းနှင့် လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ယနေ့နံနက် ၁၀ နာရီက မြောင်းမြခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး မြောင်းမြခရိုင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြောင်းမြခရိုင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့် မြောင်းမြမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဇာနည်တင့်တို့မှ မြောင်းမြမြို့နယ်၊ ကွယ်လွယ်မြနန္ဒာ ရပ်ကွက်နေ ဦးသီဟဘလှအား ဇက်ဆိပ်မြေနေရာနှင့် စျေးမြေနေရာ ဧရိယာ (.၄၇၁)ဧကအတွက် ပထမအကြိမ်အဖြစ် လျော်ကြေးငွေကျပ် (၇၀၆.)သိန်းအား ည်းကောင်း၊ မြောင်းမြခရိုင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီတွဲဘက် အတွင်းရေးမှူး ဦးအောင်ကျော်မြင့် မှ မြောင်းမြမြို့နယ်၊ ကွယ်လွယ်မြဟေမာ ရပ်ကွက်နေ ဒေါ်ရီစန်း အား (.၂၁)ဧကအတွက် ယာယီလုပ်ကိုင်ခွင့် လက်မှတ်ပုံစံ()အား လည်းကောင်း၊ မြောင်းမြခရိုင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဖွဲ့ဝင် မြို့မိမြို့ဖ ဦးဝင်းမောင် မှ မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက်နေ ဒေါ်သန်းသန်းအေး အား (.၉၂)ဧက အတွက် ယာယီလုပ်ကိုင်ခွင့် လက်မှတ်ပုံစံ()အား လည်းကောင်း အသီးသီးပေးအပ် ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)