ရွှေသောင်ယံကမ်းခြေ ဒေသလှုပ်ရှားစစ်ဗျူဟာမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ရွှေသောင်ယံ ဖေဖေါ်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ဖေဖော်ဝါရီ ၂ ရက်နေ့မွန်းလွဲ (၂)နာရီက  ရွှေသောင်ယံကမ်းခြေဒေသ လှုပ်ရှားစစ်ဗျူဟာမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သဲကုန်းကျေးရွာအုပ်စု အုန်းချောင်းကျေးရွာ ဘောလုံးအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲတွင် ရှေးဦးစွာ ရွှေသောင်ယံလှုပ်ရှားစစ်ဗျူဟာမှူးမှ အဖွင့်အမှာစကားပြောကြားပြီး အုန်းချောင်းကျေးရွာ အသင်းတော်ဆရာဦးစောဝေါထယ်မှအမှာစကား ပြောကြားပေးပါသည်။

ထို့နောက်ယှဉ်ပြိုင်ကစားကြမည့် ဘောလုံးအသင်း (၈)သင်းရှိအားကစားသမားများမှ သစ္စာအဓိဌာန် (၄) ချက်အားသီဆိုခြင်း မှတ်တမ်းတင်ဓါတ်ပုံများရိုက်ခြင်းတို့ပြုလုပ်ပြီး သပေါ့ကန်ကျေးရွာ ဘောလုံးအသင်းနှင့် သဲကုန်းကျေးရွာဘောလုံးအသင်းတို့မှ ပြိုင်ပွဲစတင်ယှဉ်ပြိုင်ကစားကြရာ ရွှေသောင်ယံလှုပ်ရှားစစ်ဗျူဟာမှူးမှ ဘောလုံးအား ကွင်းအတွင်းသို့ ကန်ပေးပြီးပြိုင်ပွဲကိုဖွင့်လှစ်ပေးပါသည်။

အဆိုပါအခမ်းအနားသို့ ရွှေသောင်ယံလှုပ်ရှားစစ်ဗျူဟာမှူးနှင့်အတူ ရွှေသောင်ယံ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ဘောလုံးအသင်းအဖွဲ့များ၊ ဧည့်ပရိသတ်များစုံညီစွာတက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲကို ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမောင်