အမရပူရ ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ယာယီရုံး) ၌ ယနေ့ နံနက် ၉ နာရီခွဲက မန္တလေးငလျင်ဒါဏ်ခံ အမရပူရခရိုင်/ မြို့နယ်ဌာနဆိုင်ရာများသို့ ကိုရီးယားနိုင်ငံမှ လှူဒါန်းသည့် (40KG) ဆန်အိတ်များ လှူဒါန်းသည့် အခမ်းအနားကို ပြုလုပ်ခဲ့သည်။
ဦးစွာ အမရပူရခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မန္တလေးငလျင်ကြီးကြောင့် အမရပူမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ခံစားခဲ့ရသည့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများကို ကိုရီးယားနိုင်ငံမှ လှူဒါန်းသည့် (40KG) ဆန်အိတ် ၁၈၄၄ အိတ်အား ဌာနဆိုင်ရာဝန်ထမ်း အနည်း၊ အများအလိုက် လှူဒါန်းပေးခဲ့ကြောင်း မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦးထံမှ သိရသည်။
စိုးသီဟ(အမရ)