ကာမိုင်းမြို့၌ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများ ဆောင်ရွက်

ကာမိုင်း  ဇန်နဝါရီ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများကို ဇန်နဝါရီ ()ရက်မှ ()ရက်နေ့အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

အဆိုပါ လစဉ်ပုံမှန် ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်း အစီအစဉ်တွင် ကာမိုင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းရှိ အသက် ၂ နှစ်အောက် ကလေးငယ်များအား BCG ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်)၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပြင်းထန် အဆုတ်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် ရောဂါနှင့် ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ကာကွယ်ဆေး စသည်တို့ကို ထိုးနှံတိုက်ကျွေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက် ပေးခြင်းများအပြင် ကိုယ်အလေးချိန် ချိန်ပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကို ကာမိုင်းတိုက်နယ် ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)