တံတားဦး ဖေဖော်ဝါရီ ၄
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာထက်၊ လယ်၊ မူ(ကျောင်းတွင်းစစ်)ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းကို ယနေ့နံနက် ၉နာရီက မြန်မာစာဘာသာအား ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၃၃,၁၂၉ဦး အေးချမ်းပျော်ရွှင်စွာ ဖြေဆိုကြကြောင်းသိရသည်။
နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးရာတွင် KG တန်း၊ Grade-1၊ Grade-2၊ Grade-3၊ Grade-4၊ Grade-6၊ Grade-7၊ Grade–8၊ Grade-10၊ Grade-11၊ Grade-12 စာရင်းရှိကျောင်းသား/သူ စုစုပေါင်း၃၃,၂၇၄ဦးရှိရာ ဝင်ရောက်ဖြေဆိုသူစုစုပေါင်း ၃၃၁၂၉ ဦးရှိကြောင်း သိရသည်။
တံတားဦးခရိုင်တွင် တံတားဦးမြို့နယ်နှင့် ငါန်းဇွန်မြို့နယ်တို့၌ မူလတန်းအဆင့် KG တန်းမှ Grade-4 အထိ ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း၂၃၁၄၂ဦး၊ အလယ်တန်းအဆင့် Grade-6မှ Grade–8 ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း၆,၈၈၃ဦး၊ အထက်တန်းဆင့် Grade-10မှ Grade-12 ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း၃,၁၀၄ဦး ရှိကြောင်းနှင့် ၉၉ ဒသမ ၅၆ ရာခိုင်နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)