အင်္ဂပူ ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၊ သာသနာ့ဗိမာန်တော်တွင် ယမန်နေ့ နေ့လယ်ပိုင်းက အင်္ဂပူမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံပရိယတ္တိသာသနနုဂ္ဂဟ စာမေးပွဲ/စာပြန်ပွဲ စာအောင်ဆုနှင်းသဘင် အခမ်းအနားပြုလုပ်ခဲ့သည်။
ဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို အခမ်းအနားဖွင့်လှစ်ခဲ့ပြီး တိုင်းသံဃာ့ နာယကအဖွဲ့ဝင် ရွာသစ်ကုန်းကျောင်း ဆရာတော် ဘဒ္ဒန္တသုန္ဒရထံမှ ငါးပါးသီလချီးမြှင့်ခဲ့သည်။ ထို့နောက် စေတနာရှင်များမှ ကြွရောက်တော်မူကြသော သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး စာအောင်ဆုရရှိကြသည့်အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း၊ မူလတန်း၊ မူလ-အာဂုံ၊ စာစု-အာဂုံစသော အတန်းလိုက်ဆုရရှိခဲ့သော ရဟန်း၊ သာမဏေ၊ သီလရှင်ဆရာလေးများအား ဂုဏ်ပြုအောင်လက်မှတ်နှင့် ဆုတံဆိပ်များအား ဆက်ကပ်ခဲ့သည်။ ဆက်လက်၍ ဇောင်းတန်းအတွင်းမှန်ကျောင်းဆရာတော် ဘဒ္ဒန္တဇဝနက အနုမောဓနာတရား ချီးမြှင့်ခဲ့ပြီး “ဗုဒ္ဓသာသနံစိရံတိဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခြင်းခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စေတနာရှင်အလှူရှင်များ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)