မြစ်သားမြို့နယ်၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမို မြင့်မားစေရေးနှင့်  လုပ်ငန်းညှိနှိုင်း

မြစ်သား ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှုပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့်လုပ်ငန်းညှိုနှိုင်းအစည်းအ‌ဝေးအခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀ နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပသည်။

 ဦးစွာ မြစ်သားမြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးအောင်ပြည့်ဖြိုးဦးက အမှာစကားပြောကြားပြီး  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေအောင်စိုးက ‌ကာကွယ်‌ဆေးထိုးနှံတိုက်‌ကျွေးခြင်း၏ ရည်ရွယ်ချက်များ၊ ပုံမှန်ကာကွယ်‌ဆေးထိုး‌ဆောင်ရွက်မှုအစီအစဉ်များ၊ ကာကွယ်ဆေးလွှမ်းခြုံမှုမြှင့်မားစေရေး လက်ရှိဆောင်ရွက်နေသော နည်းလမ်းများ၊ အမီလိုက်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ အထူးအစီအစဉ်ဖြင့်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများနှင့် တုံ့ပြန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ ၂၀၂၆ ခုနှစ်တွင်ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း အကြောင်းအရာတို့ကို အသေးစိတ်ရှင်းလင်းတင်ပြဆွေးနွေးကြကြောင်းသိရသည်။

ဝါဝါမြင့် (မြစ်သား)