အင်္ဂပူ ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် သမဝါယမအသင်းစုမှ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများအား စားသောက်ရေး အဆင်ပြေရန် ရည်ရွယ်၍ ရေချိုငါးများကို ဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက် ၈ နာရီက မြို့နယ်သမဝါယမ အသင်းစုရုံးရှေ့တွင် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးရောင်းပေးရာတွင် အင်္ဂပူမြို့နယ် သမဝါယမအသင်းစုမှ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာလအတွင်း အဟာရပြည့်ဝသော အသား၊ ငါးများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်အတွက် ငါးမြစ်ချင်း တစ်ပိဿာလျှင် ၃၂၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် အသား၊ ငါးများကို ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများအား အခါအားလျော်စွာ ရောင်းချပေးမည် ဖြစ်ကြောင်း မြို့နယ်သမဝါယမ အသင်းစုရုံးမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)