တံတားဦး ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် သစ်တောဦးစီးဌာနှ ဝန်ထမ်းများသည် ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်သစ်တောဦးစီးဌာန ရုံးရှေ့ တံတားဦး-မြို့သာသွားကလမ်းပါ်၌ သွဦးလာနေသည့် ခရီးသွားပြည်သူများအား တောမီးလောင်ကျွမ်းမှု မဖြစ်ပွားရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လက်ကမ်းစာစောင် ဖြန့်ဝေပေးရာသို့ တံတားဦး(စဉ့်ကိုင်တွဲ) မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးကျော်ဇင်မြင့်ဦးနှင့်ဝန်ထမ်းများက ခရီးသွားပြည်သူများအား ပွင့်လင်းရာသီဖြစ်၍ ခြောက်သွေ့ရာသီဖြစ်သည့်အလျောက် လူတို့၏ပေါ့ဆမှုကြောင့်နှင့် သဘာဝအကြောင်းအရင်းများကြောင့် တောမီးလောင်ကျွမ်းများ မဖြစ်ပွားရေးကြိုတင်ကာကွယ်ရေးနည်းလမ်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သော မီးသတိပြု အသိပညာပေး လက်ကမ်းစာစောင်များကို အရောင်အသွေးစုံလင်စွာဖြင့်င ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)