ပြင်ဦးလွင် ဖေဖော်ဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၌ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်း နန်းထွေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နေ့ထူးနေ့မြတ်များကို အမှတ်ရနေစေရန်၊ နိုင်ငံချစ်စိတ်နှင့်မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ပြည်ထောင် စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ အစရှိသည်တို့ကို အသိပညာပေးဟောပြောခဲ့သည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)