ထားဝယ်မြို့၊ ကမ်းနားဈေးအတွင်းရှိရောင်းချလျက်ရှိသော အစားအသောက်များဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် တရားမဝင် အစားအသောက်များရောင်းချခြင်းရှိ/မရှိ ကြည့်ရှုစစ်ဆေး

ထားဝယ် ဖေဖော်ဝါရီ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားဈေးအတွင်းရှိ ရောင်းချလျက်ရှိသော အစားအသောက်များဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် တရားမဝင်အစားအသောက်များ ရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက်ပိုင်းတွင်တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

ထို့နောက်တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ထားဝယ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ ကမ်းနားဈေးအတွင်းရှိ ကုန်စုံဆိုင်များ၊ သားငါးဆိုင်များနှင့် ကုန်စိမ်းဆိုင်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် တရားမဝင် အစားအသောက်များရောင်းချခြင်း ရှိ/မရှိ ဈေးကွက်ထောက်လှမ်းစောင့်ကြည့်စစ်ဆေးခဲ့ပြီး အစားအသောက်နမူနာ (၁၉) မျိုးအား ဝယ်ယူသည်။

ဆက်လက်၍အစားအသောက်နမူနာ (၁၉) မျိုးအား Mobile Lab Van ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် တားမြစ်တာရှည်ခံဓာတုပစ္စည်းများ ပါဝင်မှုရှိ/မရှိကိုဖြင့် စစ်ဆေးရာ တားမြစ်တာရှည်ခံဓာတုပစ္စည်းများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။

ထားဝယ်ခရိုင်(ပြန်/ဆက်)