ညောင်တုန်း ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှဘာသာရပ်အလိုက် သင်ကြားပို့ချသည့် အခမ်းအနားအား ဇန်နဝါရီလ ၃ ရက်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးကျော်က တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် မအူပင်တက္ကသိုလ်မှဘာသာရပ်အလိုက် လာရောက်သင်ကြားပို့ချသည့်အတွက် ဝမ်းမြောက်ကြိုဆိုပါကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မအူပင်တက္ကသိုလ်၊ သမိုင်းဌာနမှ ပါမောက္ခဒေါက်တာမိမိခိုင်က ကျောင်းသား/ ကျောင်းသူများအနေဖြင့် ပါမောက္ခဆရာကြီး/ဆရာမကြီးများက တက္ကသိုလ်ဝင်တန်း ဘာသာရပ်များ အလိုက် ဟောပြောဆွေးနွေးပို့ချမည်ဖြစ်၍ ဂရုတစိုက်သင်ယူမှတ်သားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မအူပင်တက္ကသိုလ်မှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ကထိက ဆရာကြီး၊ ဆရာမကြီးများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade 12 ကျောင်းသား/ကျောင်းသူ (၈၄၃)ဦးအား ဘာသာရပ်အလိုက်သင်ကြားပို့ချခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များ၊ မအူပင်တက္ကသိုလ်မှ ပါမောက္ခဆရာကြီး၊ ဆရာမကြီးများနှင့် Grade 12 သင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)