တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဒေသခံပြည်သူများနှင့် ခရီးသွားလာပြည်သူများ ယာဥ်အန္တရာယ်ကင်းဝေးစွာ သွားလာနိုင်ရေး ယာဥ်မောင်းနှင်သူများကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့အစည်းများဖြင့် ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီက အမှတ်(၂) ရပ်ကွက် ပြည်ထောင်စုကားလမ်းမကြီး၌ စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ခရီးသွားလာပြည်သူများနှင့်ယာဥ်စီးနှင်သူများ အသက်ဘေးအန္တရာယ် ထိခိုက်မှုမရှိစေရေးယာဥ်မောင်းနှင်သူများသည် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကျင့်သုံးရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်း မောင်းနှင်မှု ရှိ/ မရှိကို နယ်မြေစခန်းမှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ ယာဥ်မောင်းလိုင်စင်၊ ယာဥ်လိုင်စင်၊ ခါးပတ်ကြိုး၊ ယာဥ်ဘတ်မှန်၊ ယာဥ်မောင်းနှင်သည့်နှုန်း၊ ယာဥ်ကြံ့ခိုင်မှု စသည်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)