နေပြည်တော် ဖေဖော်ဝါရီ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုတ်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက် ၁၀ နာရီက ခုတင် ၅၀ ဆံ့ပြည်သူ့ဆေးရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်မြထွေးက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးလျက်ရှိသည့် အသက်အရွယ်အပိုင်းအခြားများ၊ ကာကွယ်ဆေး အမျိုးအစားများနှင့် မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရရှိလာသည့်အကျိုးရလဒ်များ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ အောင်မြင်မှုမှတ်တိုင်များ၊ အထူးဦးစားပေးလုပ်ငန်းအနေဖြင့် ဆောင်ရွက်ခဲ့မှုများ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျန်းမာရေးမှူး အဆင့်-၁ ဦးဇော်ဝင်းက ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက် လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး မှတ်တမ်း Video Clip ပြသပြီး ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)