ကာလိ ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများတွင် အသက်(၈၀)နှင့်(၈၅)နှစ်ကြား သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာလ အတွင်း ငွေသား ထောက်ပံ့ပေးခြင်းကို ယနေ့တွင် တာဝန်ရှိသူများက ကျေးရွာအရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ငွေသားဖြင့်ထောက်ပံ့ပေးခြင်း ဆောင်ရွက်ရာတွင် ကာလိမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းငွေလေး၊ ဟိုပန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းအုန်းပွင့်နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်စုစာရေး ဦးဝေလင်းထွန်းတို့က ဟိုပန်ကျေးရွာအုပ်စုအတွင်းရှိ ဟိုပန် ကျေးရွာ၊ ဝမ်ဆတ်ကျေးရွာ၊ ဆိုင်းခေါင်ကျေးရွာ၊ ပန်လုံကျေးရွာ၊ နားကန်ကျေးရွာတွင် ရှိသည့် အသက်(၈၀)နှင့်(၈၅)နှစ်ကြား သက်ကြီးဘိုးဘွား (၈)ဦး တို့အား တစ်ဦးလျင် (၃)သောင်းကျပ် နှုန်းဖြင့် ကျေးရွာအရောက် လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြရာ လာရောက် ထောက်ပံ့ပေးခဲ့ကြသည့် တာဝန်ရှိသူများအား သက်ကြီးရွယ်အိုဘိုးဘွားများက ဆုတောင်းမင်္ဂလာ ပေးခဲ့ကြောင်းသိရသည်။
ဝင်းကျော်(ကာလိ၊ပြန်/ဆက်)