ဟင်္သာတ ဖေဖော်ဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ သူနာပြုသင်တန်းကျောင်းခန်းမတွင် ဖေဖော်ဝါရီ ၄ ရက်နေ့မွန်းလွဲ ၃ နာရီက ဟင်္သာတခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်း၍ ဟင်္သာတမြို့ သူနာပြု သင်တန်းကျောင်းမှ သင်တန်းသူများအား ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် သူနာပြုကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ဝေဝေလွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ သူနာပြုသင်တန်းသူများအား ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာ တိုးပွားလာစေရန်ရည်ရွယ်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဦးအောင်ခိုင်မင်းက “အမျိုးသမီးနှင့် မြေဆီလွှာအကြောင်း” ခေါင်းစဉ်ဖြင့် သင်တန်းသား၊ သင်တန်းသူ (၁၄၀)ဦးတို့အား အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက်ဝန်ထမ်းများမှ “ပင်လယ်မြက်အကြောင်း” သိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့ သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ဝေဝေလွင်နှင့် သင်ကြားရေးဌာနများမှ ဆရာမများ၊ သူနာပြုသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)