ကလောမြို့နယ်အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါပိုးတစ်ဦးတွေ့ရှိ

ကလော    ဇန်နဝါရီ     

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့အထွက် အဆင်းကားများနှင့် ကလောမြို့နယ်အဝင် နန်းပန်တက် စစ်ဆေးရေးဂိတ်တွင် နံနက် နာရီခွဲမှ ညနေ ၆ နာရီ အထိ အတက်ကားယဉ်မောင်း၊ ယဉ်နောက်လိုက်များအား ကိုဗစ်ရောဂါပိုးရှိ/မရှိကို Task Kit ဖြင့်စစ် ဆေးပေးလျက်ရှိရာ ယမန်နေ့ ညနေ နာရီအချိန်ခန့် က ယာဉ်မောင်းတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူမှာ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာနေသူ တွဲကားကုန်တင်ယာဉ်မှ ယာဉ်မောင်း အသက်(၄၈)နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာအား ကလောမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ကုသဆောင်တွင် ထားရှိမည်ဖြစ်ကြောင်းနှင့် ပိုးတွေ့လူနာနှင့် ထိစပ်မှုရှိသည့် ယာဉ်နောက်လိုက်ဖြစ်သူ အသက်(၂၂)နှစ်၊ အရွယ်တစ်ဦး အား ကလောမြို့၊ ဓမ္မယာန Quarantine Center တွင် Quarantine ထားရှိမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)