ခမောက်ကြီးမြို့တွင် HPV ကာကွယ်ဆေး ထိုးနှံ 

ခမောက်ကြီး ဖေဖော်ဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆရာ/ဆရာမများ ပူးပေါင်း၍ HPV ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း ယုဇနတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းဆောင်ရွက်နေမှုကို ကျေးလက်ကျန်းမာရေးဌာနခွဲ ဘက်စုံသားဖွားဆရာမ ဒေါ်ခိုင်ယမင်းပွင့်က အသက် (၉) နှစ်အထက် ကျောင်းသူ (၁၄၀) ဦးအား HPV ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခမောက်ကြီး (ပြန်/ဆက်)