ခမောက်ကြီးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆို

ခမောက်ကြီး ဖေဖော်ဝါရီ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အ​ခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလ ၄ ရက် နံနက် ၉ နာရီ မှစ၍ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲကြီးကို (KG မှ Grade-12)အတန်းထိ ကျောင်းသား၊ ကျောင်းသူများက ဖြေဆိုလျက်ရှိပြီး(     Grade-5 နှင့် Grade-9) ကျောင်းသား၊ ကျောင်းသူများသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစ၍ ဘာသာရပ်အလိုက် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်ဆုံးစာမေးပွဲကို မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက တစ်ရက်လျှင် (၂)ဘာသာ၊ အလယ်တန်းနှင့်အထက်တန်း ကျောင်းသား၊ ကျောင်းသူများက တစ်ရက်လျှင် (၁)ဘာသာနှုန်းဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ခမောက်ကြီး(ပြန်/ဆက်)