ဖယ်ခုံ ဇန်နဝါရီ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေအား ထပ်ဆင့်အသိပေးရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟနေသွေး၊ ဒုတိယဦးစီးမှူး ဦးထွန်းလင်းခိုင်နှင့် ဒေါ်သုနန္ဒာတို့က ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ပုံ အဆင့်ဆင့်ကိုလည်းကောင်း၊ နည်းဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများကိုလည်းကောင်း ရှင်းလင်းပြောကြား ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် အုပ်ချုပ်ရေးနည်းဥပဒေအား ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေပါ အချက်များအား အပြန်အလှန် ဆွေးနွေးခြင်းကို ရပ်ကွက်/ ကျေးရွာအုပ်စုစာရေးများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
မောင်မောင်ထွေး(ပြန်/ဆက်)