ပုသိမ်မြို့၌ အသက် ၆ လမှ ၅ နှစ်အောက် ကလေးများကို ဗီတာမင်အေနှင့် သံချဆေး တိုက်ကျွေး

ပုသိမ်  ဩဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ပေါက်ကုန်းကျေရွာအုပ်စု ဘုရားကြီးကုန်းကျေးရွာ ဂေါပကရုံး၌ ယနေ့ နံနက် ၉ နာရီအချိန်တွင်  အသက် ၆ လ မှ ၅ နှစ် အထိ ကလေးများကို ဗီတာ မင်အေနှင့် သံချဆေးတိုက်ကျွေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဆေးတိုက်ကျွေးရာတွင် ကျေးရွာအုပ်စုတာဝန်ခံ ကျန်းမာရေးဆရာမ မခင်မိုးနှင်းနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မူးတို့က စုပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း နှင့် ယ​နေ့ ကလေးများ ဆေးတိုက်ကျွေးရာတွင် ရပ်ကွက်များအတွင်းမှ ကလေး  ၆၅ ယောက်ကို ဆေးတိုက်ကျွေးခဲ့ကြောင်း သိရသည်။

မြင့်ဟန်(ကျုံ​ပျော်)