ကျောက်တလုံးကြီးမြို့၌ လှုပ်လှုပ်ရှားရှားလူထုအားကစား Online Physical Fitness Dance သင်တန်း ပို့ချ

ကျောက်တလုံးကြီး    ဒီဇင်ဘာ    

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ယနေ့ နံနက် နာရီခွဲခန့်က ကျောက်တလုံးကြီးမြို့၊ ပြည်သူ့ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် လှုပ်လှုပ်ရှားလူထုအားကစား Online Physical Fitness Dance သင်တန်းကို တောင်ကြီးမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့နယ်အား/ကာမှူး ဒေါ်နန်းမိုမိုအောင်နှင့်အဖွဲ့က လာရောက်ပို့ချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ သင်တန်းပို့ချရာတွင် တောင်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း Stay Home နေထိုင်ကြ သည့် ကျောင်းသား/သူများ အိမ်တွင်နေ၍ ကိုယ်ကာလေ့ကျင့်ခန်းများ၊ Physical Fitness Dance များ ပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်၍ လာရောက်ပို့ချရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ လှုပ်လှုပ်ရှားရှားလူထုအားကစား Online  Physical  Fitness  Dance   သင်တန်းပို့ချရာတွင် ကျောက်တလုံးကြီးမြို့၊ မြို့ပေါ် () ရပ်ကွက်ရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူ(၁၂၀)ဦးခန့် နှင့်အတူ မြို့နယ်အား/ကာမှူး ဒေါ်နန်းမိုမိုအောင်နှင့်အဖွဲ့တို့က စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို ဆောင်ရွက်ကြကြောင်း သိရသည်။

အလားတူ တောင်ကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်နည်းစနစ်မှူး ဦးရှိန်းအောင်နှင့်အဖွဲ့တို့က လှုပ်လှုပ်ရှားရှား လူထု အားကစား Online Physical Fitness Dance သင်တန်းကို ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ အားကစားကွင်းတွင် ယနေ့နံနက် ()နာရီခွဲခန့်က ပို့ချလျက်ရှိကြောင်း သိရသည်။

မြဝင်း