ထားဝယ် ဖေဖော်ဝါရီ ၆
ကမ္ဘာ့ဈေးကွက်ဝင်သီးနှံများ ထုတ်လုပ်ရေးအတွက် သီးနှံများတွင် ဓာတုဓါတ်ကြွင်းလျှော့ချရေးဆိုင်ရာ နည်းပညာပေးသင်တန်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းတွင် တိုင်းဒေသကြီးသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်အေးသန္တာစိုးက သီးနှံများတွင် ဓာတုဓါတ်ကြွင်းလျှော့ချရေး အတွက်တရားဝင်မှတ်ပုံတင်ထားသော ဓါတုဆေးများကိုသာ သုံးစွဲကြရန်၊ ဓါတုဆေးများသုံးစွဲပြီးချိန် အညွှန်းပါမရိတ်သိမ်းမီ စောင့်ဆိုင်းရမည့်ကာလကို လိုက်နာရန်၊ အဆိပ်ပစ္စည်းတစ်မျိုးတည်း ဆက်တိုက်သုံးစွဲခြင်းမပြုရန်နှင့် သီးနှံများသိုလှောင်ချိန်တွင် ဓါတုဆေးများပက်ဖျန်းပြီး သိုလှောင်သိမ်းဆည်းခြင်းမပြုရန် အသိပညာပေးပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများအား သီးနှံကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)