မအူပင်မြို့နယ်အတွင်း နေကြာစိုက်ပျိုးဖြစ်ထွန်းနေမှုများအားကွင်းဆင်း ကြည့်ရှုစစ်ဆေး

မအူပင် ဖေဖော်ဝါရီလ ‌၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ တလုပ်လပ်အနောက်ကျေးရွာနှင့် တပွတ္တနောင်ကြီးကျေးရွာတွင် နေကြာစိုက်ပျိုး ဖြစ်ထွန်းနေမှုများအား ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 အဆိုပါကွင်းဆင်းစစ်ဆေးမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးတိုးတိုးဝင်းမှ တလုပ်လပ်အနောက်ကျေးရွာအုပ်စုရှိ တောင်သူဦးဌေးလွင်၏ ကွင်းအမှတ် (ပေစိကွင်း)၊ ဦးပိုင်အမှတ် (၈၄/၅)၊ ဒေသမျိုးနေကြာ စိုက်ပျိုးဧက (၄) ဧကအားလည်းကောင်း၊ မလက်တိုကျေးရွာအုပ်စု၊ တပွတ္တနောင် ကြီးကျေးရွာရှိ တောင်သူဒေါ်တင်ဥ၏ ကွင်းအမှတ် (၉၆၉-ဃ)၊ ဦးပိုင်အမှတ် (၄၅/၁)၊ Super Sun 41 နေကြာစိုက်ပျိုးဧက (၂) ဧကအားလည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)