မအူပင် ဖေဖော်ဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စည်ပင်သာယာရေးအဖွဲ့မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအား အထောက်အကူပြုစေရန်နှင့် ပြည်သူများ ပလတ်စတစ်အိတ် သုံးစွဲမှုလျော့နည်းစေရေးအတွက် ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး ကြီးကြပ်စစ်ဆေးခြင်းကို ယနေ့ နံနက် (၁၀) နာရီက မြို့မ သား၊ ငါး ဈေးအတွင်းကွင်းဆင်းစစ်ဆေးသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုအား စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးညွန့်ဝင်၏ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ မြို့မသား၊ ငါးဈေးအတွင်း ပလပ်အိတ်အစားထိုးဖက်များဖြင့် ထုတ်ပိုးရောင်းချနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဝယ်ယူသူများအား အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)