မအူပင်မြို့၌ မီးသတိမူရေးမီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလှည့်လည်နှိုးဆော်

မအူပင် ဖေဖော်ဝါရီ ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးရှိစေရန် မီးသတိမူရေးလိုက်လံနှိုးဆော်မှုအား ယမန်နေ့ ညနေ(၆)နာရီ အချိန်က လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

 အဆိုပါ အသိပညာပေးလှည့်လည်နှိုးဆော်မှုအား မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးဌာန ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများအား မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး၊ မီးကိုသတိပြုသုံးစွဲရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့် အချက်များအား အသိပညာပေးနှိုးဆော်ခြင်းအား မအူပင်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လိုက်လံအသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်