ရွှေကူမြို့နယ် သင်္ဘောအင်းကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း ကွန်ကရစ်ဘောင် သဲကျောက်လမ်း သစ်ဖွင့်ပွဲကျင်းပ

ရွှေကူ     ဇန်နဝါရီ      ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စက်ဝန်းမှ ကွန်ကရစ်ဘောင် သဲကျောက်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခန့်တွင် သင်္ဘောအင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းမှ ဆောင်ရွက်သော ကွန်ကရစ်ဘောင် သဲကျောက် လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်က လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စက်ဝန်းတွင် ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ ရွှေကူမြို့နယ် သင်္ဘောအင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အဆိုပါ ကွန်ကရစ်ဘောင် သဲကျောက် လမ်းသစ်သည် လမ်းအရှည် ၁၈၆၀ ပေ၊ လမ်းအကျယ် ၁၅ ပေ ၊ အထူ ၈ လက်မရှိပြီး စီမံကိန်းထောက်ပံ့ငွေ (၁၃၆၀၈၈၀၀)ကျပ်နှင့် ကျေးရွာလူထုထည့်ဝင်ငွေ (၂၃၀၀၀၀)ကျပ် စုစုပေါင်းကုန်ကျငွေ (၁၃၈၃၈၈၀၀)ကျပ်ဖြစ်ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)