ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက်များသို့ လာရောက်သူတိုင်း ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ရေး လက်ဆေးနိုင်ရန် ဆောင်ရွက်ပေးထားလျက်ရှိ

ကျောက်မဲ  မတ် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြည်သူ့စာကြည့်တိုက်တွင် ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် စာကြည့်တိုက်သို့ လာရောက်သူတိုင်း လက်ဆေးနိုင်ရန် နေရာနှင့် စနစ်တကျ လက်ဆေးနည်းအဆင့်ဆင့် အသိပညာပေး ဗီနိုင်းများ ကပ်ထားပေးကြောင်း သိရသည်။

ကျောက်မဲခရိုင်အတွင်း ပြည်သူ့စာကြည့်တိုက်များတွင်လည်း အလားတူ စာကြည့်တိုက်သို့ လာသူတိုင်း လက်ဆေးနိုင်ရန်  စီစဉ်ဆောင်ရွက်ထားကြောင်းကို “ကျောင်းပိတ်ပြီဆိုတော့ စာကြည့်တိုက်ကို အသုံးပြုတဲ့သူ ပိုမိုများပြားလာမယ်ဖြစ်တဲ့အတွက် ကျောက်မဲခရိုင်အတွင်း မြို့နယ်/မြို့ရုံး ပြည်သူ့စာကြည့်တိုက် (၈)တိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် လက်ဆေးရန်နေရာများကို ၁၃-၃-၂၀၂၀ ရက်နေ့ ကတည်းက စနစ်တကျ စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်” ဟု ကျောက်မဲခရိုင် ဦးစီးအရာရှိ ဒေါ်ကေသွယ်ဟန်က ယခုလို ပြောကြားခဲ့သည်။

မိုင်းထွန်း(ပြန်/ဆက်)