ရွှေသောင်ယံ ဩဂုတ် ၅
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ရွှေသောင်ယံကျေးလက်ကျန်းမာရေးဌာနခွဲတွင် ကိုယ်ဝန်ဆောင် မိခင်များအား မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်ပထမပတ်ကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဆေးခန်းတွင် ဟောပြောပို့ချခဲ့ သည်။
ဟောပြောရာတွင် ငါးဦး၊ ဆယ်ဦး စသည်ဖြင့် ကိုယ်ဝန်ဆောင်မိခင်အနည်းငယ်သာ လာရောက်စေကာ ကျန်းမာ ရေးနှင့်ညီညွတ်စွာနေထိုင်စေပြီး ပထမပတ်တွင် မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယပတ်တွင် (၅)နှစ် အောက် ကလေးများ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထပတ်တွင် အိုင်အိုဒင်းချို့တဲ့ရောဂါများ ပပျောက်ရေး ရက်သတ္တပတ်ဟူ၍ လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
ကိုကိုမောင် ပြန်/ဆက်