လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့်ပြည်သူများဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး  ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

နွားထိုးကြီး ဇန်နဝါရီ -၈

နွားထိုးကြီးမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်အတွင်းပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲခွင့်ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်၊ လျှပ်စစ်ကျွမ်းကျင်-၃ ဦးကျော်အောင် ဦးဆောင်မှုနှင့် ဝန်ထမ်းများအဖွဲ့က ပြင်စည် ဓာတ်အားပေးခွဲရုံမှ ဖီဒါ-၃ ဖြင့် လျှပ်စစ်ဓာတ်အားအသုံးပြုသော ၁၁-ကေဗွီ ဓာတ်အားလိုင်း တစ်လျှောက်  ကွင်းဆင်းစစ်ဆေးသွားရောက်ပြီး၊ မလွတ်ကင်းသော သစ်ပင် သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးအနေဖြင့် မြို့နယ်တွင်းရှိ ပြည်သူများအား လျှပ်စစ်ဗို့အားပြည့်မီစွာသုံးစွဲခွင့် ရရှိစေရေးအတွက် ဓာတ်အားလိုင်း ကြံ့ခိုင်ကောင်းမွန်ရေးလုပ်ငန်း များကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူများ လျှပ်စစ် အန္တရာယ် ကင်းဝေးစေရေးအတွက် လျှပ်စစ်မီးစနစ်တကျသုံးစွဲနည်းနှင့်ပတ်သက်သော အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေကြောင်းကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ လျှပ်စစ်ကျွမ်းကျင်-၃ ဦးကျော်အောင် ထံမှသိရသည်။

သန်းအောင်ဇော်(ပြန်/ဆက်)