လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ(HPV)ရောဂါကာကွယ်ခြင်း ထိုးနှံ

လှိုင်းဘွဲ၊ ဇန်နဝါရီလ-၈

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် အမျိုးသမီး ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရန်အတွက် သားအိမ်ခေါင်းကင်ဆာ(HPV) ရောဂါကာကွယ်ဆေး  ထိုးနှံခြင်းကို ယမန်နေ့က မြိုင်ကြီးငူအထူးဒေသ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆောင်ရွက်ရာတွင် မြိုင်ကြီးငူအထူးဒေသ ကျေးလက် ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းသဇင်က အသက်(၉)နှစ်မှ(၁၀)နှစ်အထိ အမျိုးသမီးငယ်များအား အိတ်ချ်ပီဗီရောဂါပိုးကြောင့် ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများကို ထိထိရောက်ကာကွယ်ပေးခြင်း၊ အိတ်ချ်ပီဗီပိုးကူးစက်ခံရပြီး သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားလာနိုင်သည့် အကြောင်းအရာများ၊ အိတ်ချ်ပီဗီ ရောဂါ ကူးစက်နိုင်သည့်နည်းလမ်းများ၊ ရောဂါလက္ခဏာများကို ရှင်းလင်းပြောကြားပြီး အိတ်ချ်ပီဗီ ရောဂါပိုးကြောင့် ဖြစ်ပွားနိုင်သည့် သားအိမ်ခေါင်းကင်ဆာရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အမျိုးသမီးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)